ဝေါမြို့နယ်အတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အမာခံသတင်းပေး၏ သတင်းပေးပို့ချက်အရ မြဝတီမြို့မှ ထွက်ခွာလာသည့် ယာဉ်မောင်း အောင်ကိုမင်း ၂၀ နှစ်၊ အင်းစိန်မြို့နေသူ မောင်းနှင်လာသည့် Hilux ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်ရှိ နနွင်းအိတ် ၃ အိတ်အတွင်းမှ RUGER စနိုက်ပါ ၁ လက်၊ အမ်(၁၆) ၁ လက်၊ အမ်အေ(၁) ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၅ ခုနှင့် ကျည် ၂၉၀၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။