Crown ကားပေါ်မှ ငွေကျပ်သိန်း ၇၀၀၀ ခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား တာချီလိတ်မြို့နယ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်းကျေးရွာအနီးတွင် Toyota Crown ကားပေါ်မှ ငွေကျပ် ၆၈၉၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊မယ်ယန်းကျေးရွာအနီး၌ ခင်မောင်သိန်း (၅၂)နှစ်မောင်းကာ မအီနွန်း (၃၂)နှစ်၊ အိုက်တစ်(၂၈)နှစ်နှင့် အိုက်လွတ်(၂၄)နှစ်တို့လိုက်လာသည့် Toyota Crown ကားအားရှာဖွေစစ်ဆေးခဲ့ကြသည်။