မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ်သိထားရမယ့် အရာများ

ဝေဖန်ခံရမှ လူရာစ၀င်တာမို့လို့
အရှုံးမပေးပဲ ဆက်လျှောက်ပါ ။

တိုက်ခိုက်ခံရမှ အောင်မြင်တာမို့လို့
သည်းခံပြီးတော့ နေလိုက်ပါ ။

ထင်မြင်စွပ်စွဲခံရမှရင့်ကျက်တာမို့လို့
သင်္ခန်းစာယူပြီး ရှေ့ဆက်ပါ ။

ဆိုးကျိုးတွေဟာ အကြွေးတွေဖြစ်လို့
အကုန်အမြန်သာ ဆပ်လိုက်ပါ ။

အမုန်းဆိုတာ အရှုံးတွေတာဖြစ်လို့
ကိုယ်မပွားမိအောင် ကြိုးစားပါ ။

အမျက်တွေဟာ အပြစ်တွေသာဖြစ်လို့
အနှစ်ဖြစ်အောင်သာ ပြုပြင်ပါ ။

အနှောင်ဖွဲ့တွေဟာ မွန်းကြပ်စေလို့
စိတ်လွတ်လပ်မှုနဲ့ ရှင်သန်ပါ ။

သူများအကြောင်းတွေဟာ
အကုသိုလ်ဖြစ်ရပြီး အချိန်ကုန်ရလို့
မစပ်စုဖြစ်အောင် နေထိုင်ပါ ။

အလိုဆိုးတွေဟာ မပြည့်၀တတ်လို့
ရောင့်ရဲစိတ်နဲ့ ချမ်းသာစေပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏