တစ်ပတ်အတွင်း အကြမ်းဖက် ၁၀၀ နီးပါးသေဆုံး

သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် PDF အပါအဝင်အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များထိတွေ့မှုဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ တစ်ပတ်တာအချိန်အတောအတွင်းမှာ အကြမ်းဖက်အဖွဲ့တွေရဲ့ သေဆုံးမှု ၉၅ ဦးရှိပြီး လက်နက်မျိုးစုံ ၉၅ လက် သိမ်းဆည်းရမိတဲ့ အခြေအနေကိုဖော်ပြပေးလိုက်ပါတယ်.။ ဒါကတော့ မြေပြင်မှာ မှတ်တမ်းဓာတ်ပုံနဲ့တကွ သေဆုံးတဲ့အင်အားစာရင်းဖြစ်ပြီး လေကြောင်းပစ်ကူကြောင့် သေဆုံးတဲ့ အကြမ်းဖက်အင်အားကိုထည့်သွင်းဖော်ပြထားခြင်းမရှိသေးပါဘူး။