PNLA အကွဲအပြဲ (နောက်ဆုံးအခြေအနေ)

ခွန်သူရိန်က ကယားဘက်က အစွန်းရောက် အကြမ်းဖက်အဖွဲ့ KNDF/PDF တွေကို ခေါ်လာပြီး ကိုယ့်ဒေသဖြစ်တဲ့ ပအိုဝ်းရွာတွေမှာ တိုက်ပွဲဖော်လို့ ပအိုဝ်းဒေသခံတွေ မကျေမနပ်ဖြစ်နေကြတယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်လာတော့ ကယား KNDF/PDF တွေက ပအိုဝ်းဒေသခံတွေ ပိုင်ဆိုင်တဲ့ အိမ်တွေ၊ ဆိုင်တွေကနေ အဖိုးတန်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး မီးတင်ရှို့တယ်။ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကိုလည်း Drop Bomb ခု ဖျက်ဆီးနေတယ်။ အလွန်ငြိမ်းချမ်းခဲ့တဲ့ ပအိုဝ်းလူမျိုးတွေ စစ်ဘေးရှောင်နေကြရပြီ။

ဆီဆိုင်မှာ တိုက်တော့ PNLA အဖွဲ့အကုန်မပါဘူး။ ခေါင်းဆောင်ပိုင်းအချို့နဲ့ တပ်ရင်းအချို့က ကိုယ့်မြို့၊ ကိုယ့်လူမျိုးကို ပြန်မတိုက်ဘူး၊ ဒုက္ခမပေးဘူးဆိုပြီး ခွန်သူရိန်ရဲ့ အမိန့်ကို မနာခံကြ၊ မပူးပေါင်းကြဘူး။ PNLA ဌာနချုပ်ကို ပြန်ခြိမ်းခြောက်နေကြတယ်။ ခွန်သူရိန် တော်တော်ဒေါသထွက်နေတယ်။

အာဏာဖီဆန်လို့ဆိုပြီး လက်လှမ်းမီရာခေါင်းဆောင်အချို့ကို ရှင်းလင်းပြီး အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ခွန်သူရိန် ကြိုးစားနေတယ်။

ပအိုဝ်းလူမျိုးတွေကို မငဲ့ညှာ၊ ဆရာတော်သံဃာတော်တွေရဲ့ စကားကို နားမထောင်ခဲ့တဲ့ ခွန်သူရိန် PNLA အဖွဲ့ရဲ့ လုပ်ရပ်ကို မကြိုက်လို့ ခွန်မောင်၊ အောင်ထူး၊ ခွန်ကြော၊ သန်းမောင်၊ ခွန်သူရနဲ့ ခွန်ကံတို့ ခေါင်းဆောင်တဲ့ PNLA တပ်ရင်း၊ တပ်ဖွဲ့တွေက ခွဲထွက်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။