မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား လုပ်ကြံ သတ်ဖြတ်သွားသည့် PDF အကြမ်းဖက်သမားအား ဖမ်းမိ

နိုဝင်ဘာလ ၁၆ ရက် ည ၈ နာရီခွဲခန့်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်သော ဦးအောင်ကြီးသည် နေအိမ်၌ ထမင်းစားနေစဉ် PDF ပဒက်များက လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ထွက်ပြေးသွားကြောင်းသိရှိရသဖြင့် လုံခြုံရေး အဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆိုရှာဖွေခဲ့ရာ မသင်္ကာဆိုင်ကယ်အား တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ရာ အောင်ဖြိုးပြည့်(ခ) အောင်ဖြိုး(ခ) အောင်ပြည့်၏ လွယ်အိတ်အတွင်း၌ AK- 47ကျည်အိမ် ၁ ခု၊ ၇.၆၂ ကျည် ၂၄ တောင့်၊ ၉ မမ ကျည် ၄ တောင့်နှင့် ဖုန်း ၂ လုံးတိုနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။