ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်တဲ့ မြန်မာ ၂၆ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၂၆ ဦးတိုကို (၂) ရက်အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ခရိုင်တစ်ခုတည်းကနေ အာဏာပိုင်တွေက တွေ့ရှိဖမ်းဆီးလိုက်တယ်လို ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ပေါ်ကျောလောကျေးရွာမှာ ဖေဖော်ဝါရီ ၁၈ ရက်၊ ည ၂ နာရီအချိန်က ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာတဲ့ မသင်္ကာဖွယ်ရာ ပစ်ကပ်ကား ၁ စီးကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖိုတားဆီးရာမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာကနေ အဲဒီကားပေါ် တရားမဝင် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးတိုကို ထိုင်းနိုင်ငံသားကားမောင်းနဲ့အတူ စတင်ဖမ်းဆီးရမိခဲ့တာလို ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့ မနက် ၁၀ နာရီကလည်း ပေါ်ကျောလောကျေးရွာအနီးက ရော်ဘာခြံအတွင်းမှာ မသင်္ကာဖွယ်လူအချို ပုန်းအောင်းနေကြောင်း သတင်းအရ နောင်းခရိုင်တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့ရာ အဆိုပါလူတစ်စုဟာ ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းခဲ့ရာမှာတော့ တရားမဝင် လာရောက်တဲ့ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြန်ပါတယ်။

အလားတူ ရနောင်းခရိုင်၊ စွတ်ဆန်လန်မြိုနယ်၊ ကန်ဖွမ်ကျေးရွာမှာ တရားမဝင်ဝင်ရောက်လာသူတွေကို အိမ်စီးကားနဲ့ ခေါ်ဆောင်လာကြောင်း သတင်းအရ ထိုင်းစစ်တပ်မှ သွားရောက်ရှာဖွေ ဖမ်းဆီးရာမှာ ထိုင်းနိုင်ငံသားတွေ မောင်းနှင်တဲ့ ကား (၃) စီးပေါ်ကနေ တရားမဝင် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ထပ်မံဖမ်းမိခဲ့တာကြောင့် စုစုပေါင်း မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ ထိုင်းနိုင်ငံသားယာဥ်မောင်းသူတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသား ယာဥ်မောင်းသူတွေကို ဥပဒေအရအရေးယူနိုင်ဖို သက်ဆိုင်ရာ ရဲစခန်းအသီးသီးထံ ပိုဆောင်ထားပြီး ကွင်းဆက်တရားခံတွေကို ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ဖို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်လျက်ရှိတယ်လို သိရပါတယ်။