ဒေါနတောင်ပေါ်ကားလမ်းဟောင်းတွင် ကားတစ်စီးချောက်ထဲပြုတ်ကျ

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားတောင်ပေါ်ကားလမ်းဟောင်းရှိ အလယ်ဗိုလ်တဲအကျော်တွင် သြဂုတ် ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ကားကျော်တက်စဥ် ကားချင်းတိုက်မိခဲ့သဖြင့် တစ်စီးတိမ်းမှောက်ကာ Hiace ကားချောက်ထဲထိုးကျသွားခဲ့ကြောင်း သိရသည်။

“ဒီနေ့က တောင်ပေါ်ကနေအဆင်းရက်ပါ ကားချင်းကျော်တက်တဲ့အချိန် ဖြစ်သွားတာပါ လတ်တလောလမ်းပိတ်နေတယ် ချောက်ထဲကျသွားတဲ့ကားမှာပါတဲ့အရေအတွက်ကို မသိရသေးကြောင်းသိရပါတယ်။