လာမည့်ရက်ပိုင်းအတွင်း သံလွင်မြစ်ရေနှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အောက့် ပြန်လည်ကျဆင်းနိုင်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၁၈ ရက်(ယနေ့)နံနက် ၉ နာရီထုတ်ပြန်ချက်အရ သံလွင်မြစ်ရေနှင့်ချင်းတွင်းမြစ်ရေတို့သည် လာမည့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်အောက့် ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်၌ သံလွင်မြစ်ရေသည် ဘားအံ့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိလျက်ရှိပြီး လာမည့် ၂၄ နာရီအတွင်း ၌ ဘားအံ့၏ စိုးရမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်မည်ဖြစ်သည်။