ဇန်နဝါရီလ ၁ ရက်နေ့ မှုခင်းသတင်းများ

-ဒီဇင်ဘာ ၃၁ ရက် ၁၆၀၀ နာရီတွင် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ တကွင်းအုပ်စု၊ သဲဂုဏ်ကျေးရွာသို့ KIA/PDF အကြမ်းဖက် အဖွဲ့မှ အင်အား ၈၀ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီဖြင့် ရောက်ရှိလာခဲ့ပြီး ဦးဘူနိုင်း(၆၆)နှစ် နှင့် ဦးမောင်တုတ်(၅၀)နှစ် တို့ ၂ ဦးအား ဖမ်းဆီးသွားခဲ့ရာ ဦးမောင်တုတ် အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးဘူနိုင်းမှာ သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃၁ ရက် ၀၈၃၀ နာရီတွင် ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ  “ခန့်ခန့်ဝင်း”ကုမ္ပဏီမှ တာဝန်ခံ မဇင်မာချို(၂၅)နှစ်၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ ထားဝယ်မြို့နေသူနှင့် ယာဉ်မောင်း/အလုပ်သမား ၁၀ ဦး တို့သည် သရက်ချောင်းမြို့နယ်၊ မာလကာချောင်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ လုပ်ဆောင် ပြီး 7R-4859 ကျောက်ကား(အဖြူရောင်) ၁ စီး၊ HMM/1042 Fiorlt(အဖြူရောင်)ဘိလပ်မြေဖျော်စက် ၁ စီးနှင့် ယာဉ်အမှတ်(စိစစ်ဆဲ)ဘက်ဟိုးအလတ် ၁ စီးတို့ဖြင့် မာလကာချောင်းကျေးရွာမှ သရက်ချောင်းမြို့သို့ ထွက်ခွာလာစဉ် သရက်ချောင်းမြို့၏အရှေ့တောင်ဘက် ၃၂ မိုင်အကွာ ပိတောက်ကြီးကျေးရွာအနီး (ဒေသအခေါ်) နတ်ရေကွေ့ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းနေရာအရောက်တွင် ပြောက်ကျားဝတ်/လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ထားသည့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်မှ “ခန့်ခန့်ဝင်း”ကုမ္ပဏီ တာဝန်ခံ မဇင်မာချို အား ကျောက်ကား ၁ စီး၊ ဘိလပ်မြေဖျော်စက် ၁ စီးတို့နှင့်အတူ ဖမ်းဆီးထားခဲ့ပြီး ကျန်လူများအား ပြန်လွှတ်ပေးခဲ့သဖြင့် ယာဉ်မောင်း ဦးမောင်နိုင် ပါ အလုပ်သမား ၁၀ ဦးတို့သည် ဘက်ဟိုး ၁ စီးနှင့်အတူ ၁၅၀၀ နာရီတွင် သရက်ချောင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာလ ၃၀ ရက် ၂၁၃၀ နာရီတွင် တောင်သာမြို့၏ မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ နန်းမြင့် ကျေးရွာနေ ဦးကျော်မင်းနှင့် ၎င်းသားဖြစ်သူ ဦးစိုးသူတို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် ကျား ၁၀ ဦးခန့်မှ ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာခဲ့ပြီး လက်နက်ငယ်ဖြင့် ၂ ချက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးကျော်မင်း (၅၄)နှစ်၊ တောင်သူတွင် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ(သေဆုံး)၊ ဦးစိုးသူ(၃၇)နှစ်၊ တောင်သူတွင် ယာနောက် ကျောကျည်ဖောက်ဝင်ဒဏ်ရာ(သေဆုံး) ခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃၁ ရက် ၀၉၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ကွေ့တောကျေးရွာအုပ်စု၊ ရှမ်းမြောင်းကျေးရွာရှိ Asia Calcium ကျောက်မှုန့်ကြိတ်လုပ်ငန်း စက်ရုံအနီးသို့ အကြမ်းဖက် ကျား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁၂ ချက်ခန့်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ (စိစစ်ဆဲ) ကျား(၃၆)နှစ်ခန့်တွင် ယာပုခုံး၊ ယာပါး၊ ယာနံဘေး ကျည်ထိမှန်ဒဏ်ရာ၊ (စိစစ်ဆဲ)ကျား(၃၅)နှစ်ခန့်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ၊ (စိစစ်ဆဲ) ကျား(၄၅)နှစ်ခန့်တွင် ရင်အုံ၊ ယာပါးကျည်ထိမှန်ဒဏ်ရာ၊ (စိစစ်ဆဲ)မ(၄၅)နှစ်ခန့်တွင် ယာပါး၊ ၀မ်းဗိုက်ကျည်ထိမှန် ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃၁ ရက် ၁၀၃၀ နာရီတွင် မင်းလှမြို့နယ်၊ ကံ့ကော်ပင်ကျေးရွာတွင် နေထိုင်သော ဦးမောင်ဉာဏ်(၆၁)နှစ်သည် နေအိမ် မှ ဗိုလ်တစ်ထောင်ကျေးရွာသို့ သွားရောက်စဉ် ဗိုလ်တစ်ထောင်ကျေးရွာထိပ် နတ်စင်အနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမောင်ဉာဏ်တွင် လည်ပင်း၊ နဖူး၊ လက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာလ ၃၀ ရက် ၁၇၀၀  နာရီတွင် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အရှေ့မော်တုန်း ကျေးရွာနေ ဦးကာမိ(၅၀)နှစ်၊ မွတ်ဆလင်/အစ္စလာမ်၊ ဥယျာဉ်လုပ်ကိုင်သူသည် ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၊ မြို့ဟောင်းကျေးရွာအနီး ဥယျာဉ်ခြံနေရာ၌ ဝါးခုတ်နေစဉ် အကြမ်းဖက်များ ထောင်ထားသည့် လက်လုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့်  ဝဲဘက်ခြေထောက်မိုင်းထိဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၃၁ ရက် ၂၀၄၅ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂)ရပ်ကွက်ရှိ ဗထူး(၃)လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိအများသုံးရေကန်ဘေးတွင် လက်လုပ်အသံဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ အပိုင်းအစတစ်စုံတစ်ရာ မတွေ့ရှိကြောင်းနှင့် လူ/အဆောက်အဦ ထိခိုက်မှု မရှိကြောင်း သိရှိရ။

#မှုခင်းသတင်းများ#