မုံရွာမြို့၌ သင်္ကြန်မဏ္ဍပ်များတည်ဆောက်လျက်ရှိ

မုံရွာမြို့၊ကန်သာယာသင်္ကြန်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်စုစုပေါင်း(၂၀)ဦးဖိတ်ထားပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

” မုံရွာသင်္ကြန်ပွဲတော်ကို ပြည်သူတွေလာရောက်ပျော်ရွှင်ကြဖို့ဖိတ်ခေါ်ပါတယ်။”ဟုစစ်ကိုင်းတိုင်းဒေသကြီးမဟာသင်္ကြန်ကျင်းပရေးကော်မတီဝင်တစ်ဦးကပြောသည်။

ယခုနှစ် မုံရွာမြို့၊ကန်သာယာသင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အရှေ့ဖက်ကန်သာယာနှင့် အနောက်ဖက်ကန်သာယာအကြားဗိုလ်ချုပ်လမ်းတစ်လျှောက်တွင်ရောင်စုံထီးများချိတ်ဆွဲအလှဆင်ကာ အလိုလျောက်ရေပက်ဖျန်းစနစ်တပ်ဆင်ထားမည်ဖြစ်ကြောင်းသိရသည်။

“လာရောက်ရေကစားသူတွေအတွက်စတုဒီသာမဏ္ဍပ်၅ခုဆောက်လုပ်နေပါတယ်။စတုဒီသာမဏ္ဍပ်၅ခု မှာအကြိုနေ့ကစပြီးအတက်နေ့အထိ နေ့စဥ် ထမင်း၊ဖျော်ရည်စတဲ့စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံပေးသွားမှာပါ။”ဟုကော်မတီဝင်ကပြောသည်။

မုံရွာမြို့၊ကန်သာယာသင်္ကြန်တွင်ဗဟိုမဏ္ဍပ်၅အပါအဝင် သင်္ကြန်မဏ္ဍပ်၅ခုတည်ဆောက်လျက်ရှိပြီးပါဝင်ယှဥ်ပြိုင်မည့်ယိမ်းအဖွဲ့၁၄ ဖွဲ့၊တစ်ပင်တိုင်အက၈ ဖွဲ့ရှိသည်။

အဆိုပါအကအဖွဲ့များကပြယှဉ်မှုအပေါ်  ဆုချီးမြှင့်သွားမယ်လို့လည်း သိရပါတယ်။