TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

ဩဂုတ်လ ၃၀ ရက်တွင် TNLA အဖွဲ့ဝင်များက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ ကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ၁၆ နှစ်အရွယ် အပြစ်မဲ့ အရပ် သားအမျိုးသမီးငယ် ၁ ဦးသေဆုံး၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။

အလားတူ စက်တင်ဘာလ ၁ ရက်တွင် TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာအုပ်စု၏ အနောက်မြောက်ဘက်မီတာ ၁,၀၀၀ ခန့်အကွာမှ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်စုအတွင်းရှိ ဇီးဒဘန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။