ဖေဖော်ဝါရီလ ၂၂ ရက် တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
💥💥💥💥💥💥💥💥💥💥

ထားဝယ်၊ မေတ္တာ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ကျောက်မဲတောင်ရွာ၏ အနောက်မြောက်ဘက်သို့အရောက် နေရာ ၄ နေရာမှ အကြမ်းဖက် ၂၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် ကင်းတောင်နေရာသို့ နေရာ ၃ နေရာမှ ရန်သူအင်အား ၃၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို အင်အား (စိစစ်ဆဲ) အဖွဲ့က Drone များဖြင့် Drop Bomb ချခြင်းများ လုပ်ဆောင်ခဲ့။

ကမ်းနီ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီကျေးရွာရှိ နယ်မြေခံတပ်ရင်းဌာနချုပ်သို့ AA သောင်းကျန်းသူအင်အား (စိစစ်ဆဲ) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သလို လုံခြုံရေးကင်းနေရာများသို့ Drone များဖြင့် Drop Bomb ချခြင်းများ လုပ်ဆောင်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ပင်လည်ဘူး

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့အတွင်း အသီးသီးဖြန့်ခွဲ၍ လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် နေရာ ၆ နေရာမှ PDF/KIA ၃၀၀ ဦးခန့်က ၃ ကြိမ်လာရောက်ပစ်ခတ်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိ။ #Crd