မုံရွာမြို့ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးရှေ့သို့ အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်

အောက်တိုဘာ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးရှေ့သို့
CRV ယာဉ်တစ်စီးပေါ်မှ PDF အကြမ်းဖက်သမားအင်အား ၈ ဦးခန့်က
သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကင်းတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ လိုက်လံပစ်ခတ်ခဲ့ရာ
ကားအား အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားခဲ့ဟု သိရှိရပါတယ်…
အကြမ်းဖက်သမားများရဲ့ ပစ်ခတ်မှုကြောင့်-
ခြံစည်းရိုးအုတ်တံတိုင်း၊ သံပန်းတံခါး၊ ပြတင်းပေါက်မှန် ၂ ချပ်နှင့်
ရုံးအဆောက်အဦ ကျည်ထိမှန်ပြီး ကားလမ်းမပေါ် ဖြတ်သန်းမောင်းနှင်သွားသည့်
Mark-II ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးစိုးတင့် ၅၃ နှစ် ကျည်ထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ဟု သိရပါတယ်…