ပုဂံရှိ ဘုရားအချို့က ကြေးခေါင်းလောင်း ၄ လုံး အခိုးခံရ

ပုဂံရှိ ဘုရားအချို့က ကြေးခေါင်းလောင်းတွေ ခိုးယူခံရတယ်လို့ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန( ပုဂံဌာနခွဲ)မှ သိရပါတယ်။

အခိုးခံလိုက်တဲ့ ခေါင်းလောင်းတွေကတော့ ယနေ့ခေတ် အလှူရှင်တွေ လှူဒါန်းထားတဲ့ ခေါင်းလောင်းတွေဖြစ်ပြီး မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေး ဘုရားတွေက ခေါင်းလောင်းတွေ အခိုးခံရတာဖြစ်တယ် လို့သိရပါတယ်။

မင်းအိုချမ်းသား ဘုရားမှာ ၂၀၁၅ ခုနှစ် ဝန်းကျင်ခန့်က လှူဒါန်းထားတဲ့ အကြီးဆုံး ခေါင်းလောင်းနဲ့ အဆိုပါဘုရားတွေက ခေါင်းလောင်းတွေအပါအဝင် ခေါင်းလောင်း ၄ လုံး အခိုးခံရတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းကလည်း ပုဂံရှိ ဘုရားအမှတ် ၇၁၆ နဲ့ ၄၁၈ တို့က ဘုရားဆင်းတုတော်တွေနဲ့ နံရံဆေးရေးပန်းချီတွေ အခိုးခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။