စစ်ကိုင်းမြို့၊ ဧရာဝတီတံတား စစ်ဆေးရေးဂိတ်တွင် PDF ၁ ဦးဖမ်းဆီးရမိ

ဧပြီလ ၆ ရက်က ညနေ ၆ နာရီခန့်တွင် စစ်ကိုင်းမြို၊ တကောင်းရပ်ကွက်ရှိ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲများသည် လူ/ယာဉ်ဝင်ထွက်များ စစ်ဆေးနေစဉ် မန္တလေးမြို့ဘက်မှ မောင်းနှင်လာသော ခရီးသည်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခန့်ဝေလင်းအား စစ်ဆေးခဲ့ရာ PDF ၁ ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များမှ ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။