အကြမ်းဖက်လုပ်ငန်းများအတွက် အားပေးကူညီခဲ့သူ ၆ ဦးကို စစ်ခုံရုံးမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်”

အကြမ်းဖက်အဖွဲအစည်းများထံ ပေါက်ကွဲစေတတ်သောပစ္စည်းများကို သယ်ဆောင်ပေးပို့ရာ၌ အားပေး ကူညီမှုများ ပြုလုပ်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းမှ တရာခံ (၆)ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ဧပြီ ၄ ရက်တွင် နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်လိုက် ကြောင်း သိရသည်။

ထိုသို့ ထောင်ဒဏ်များ ချမှတ်ရာတွင် ဂန့်ဂေါမြို၌ နေထိုင်သူများဖြစ်သော “သန်းဇော်ဦး” ဆိုသူနှင့် လုံသွမ်း ဆိုသူတို (၂) ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)အရ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ပြီးအလားတူ တရားခံများဖြစ်သော အောင်မျိုးသူ(ခ)ရွှေမန်းသား၊ ဗန်လျန်အုပ်(ခ)လျန်လျန်၊ ခန့်ထက်မောင်(ခ) သားခန့်၊ အောင်နိုင်ဦး(ခ)ပါဦးတို (၄)ဦးကိုလည်း ယင်းပုဒ်မဖြင့်ပင် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်လိုက်ကြောင်း သိရပါတယ်။