အကြမ်းဖက် PNLA+KNDF များ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ(၄) ဦး ဒဏ်ရာရ

၁၄-၂-၂၀၂၄ ရက်နေ့ ယနေ့နံနက် ၉ နာရီခန့် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု
နောင်စုံရွာအထွက် ကားလမ်းပေါ်တွင်အကြမ်းဖက် PNLA+KNDF များ ထောင်ထားသော
မိုင်းနင်းမိသဖြင့် နောင်စုံရွာနေ-
၁။ခွန်ပြည့်စုံ ၁၇ (စိုးရိမ်ရ)
၂။နန်းစံခမ်း ၄၂ ခွန်ပြည့်စုံ အမေ (မစိုးရိမ်ရ)
၃။နန်းမြဦး ၁၈ (မစိုးရိမ်ရ)
၄။နန်းစန်းရွှေ ၃၈ နန်းမြဦး အမေ (မစိုးရိမ်ရ)
ရွာသား ကျား ၁ ဦး မ ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရ။

ပအိုဝ်း နယ်မြေအတွင်းကို ဝင်ရောက်လှုပ်ရှားနေတဲ့ ကယားသူပုန် KNDF အဖွဲ့တွေဟာ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများမှာ တိုက်မိုင်းများ၊ နင်းမိုင်းများ ထောင်ထားတဲ့အတွက် ယခုလို အပြစ်မဲ့ပြည်သူများ မိုင်းထိဒဏ်ရာ ရခြင်း ဖြစ်ပါတယ်။

ယခင်ကအေးချမ်းပြီး သာယာနေတဲ့ ပအိုဝ်းနယ်မြေတွေမှာ PNLA+KNDF အကြမ်းဖက်အဖွဲ့တွေ ရောက်လာမှ
ပြည်သူတွေလည်း သေဆုံးရသလို ရွာတွေ မြို့တွေလည်း ပျက်စီးကုန်ကြတယ်။

မိမိတို့နယ်မြေဒေသတွေမှာ အေးချမ်းစွာ လုပ်ကိုင်စားသောက်ချင်တယ်ဆိုရင်
အကြမ်းဖက်သမားတွေကို မိမိတို့နယ်မြေ အတွင်းမှာ လက်မခံဖို့လိုပါတယ်။

ပအိုဝ်း နယ်မြေအတွင်း ဝင်ရောက်လာတဲ့ KNDF အဖွဲ့တွေကို ဒေသခံ ပအို့ဝ်း ပြည်သူများနဲ့ PNO အဖွဲ့များမှ လုံးဝ လက်မခံဘဲ ကျေးရွာအလိုက် ပြည်သူ့စစ်များ ဖွဲ့စည်းပြီး တုန့်ပြန်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။

#တိုက်ပွဲသတင်းစုံ