မိုးမောက်မြိုနယ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် KIA နှင့် PDF များ ထောင်ထားသည့် ရီမုမိုင်းများအားလုံခြုံရေးတပ်ဖွဲဝင်များက ရှင်းလင်း

မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် KIA နှင့် PDF များက အခြေခံပညာအထက်တန်းကျောင်း၏ ပင်မ စာသင်ဆောင်နှင့်၊ လမ်း၏ ညာဘက်ခြမ်း မီတာ ၃၀ မီတာခန့်အကွာ လူ နေအိမ်များမှ အကာအကွယ်ယူ၍လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများ အရှေ့မြောက် ဘက်နှင့် အနောက်ဘက်သို ဆုတ်ခွာသွားပြီး အဆိုပါ မိုးမောက်မြို၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိ သစ်ပင်တွင် ကပ်၍ ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်းအား ထပ်မံတွေ့သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် KIA နှင့် PDF များက ၎င်းတို ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်အချိုအား မီးရှိဖျက်ဆီးခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲဝင်များက နယ်မြေခံ မီးသတ်တပ်ဖွဲဝင်များနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရကြောင်း သိရှိရပါတယ်ရှင်။