𝙉𝙎𝙋𝙉𝘾 နှင့် NCA လက်မှတ်ထိုးထားသည့် 𝙀𝘼𝙊 ၇ ဖွဲ့ တွေ့ဆုံ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံ၍ တိုင်းရင်းသား ပြည်သူလူထု၏အကျိုးကိုရှေးရှု၍ လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရန် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။