ကားပေါ်ကျန်ခဲ့တဲ့ ဖုန်းကိုပြန်ပေးတဲ့ တက္ကစီယာဉ်မောင်း

ကားငှားစီးရင် ကားပေါ်ပါတဲ့ တယ်လီဖုန်းကို ပိုင်ရှင်ဆီ လာပြန်ပေးတဲ့ တက္ကစီယာဉ် မောင်းကို ဝိုင်းဝန်းချီးကျူးပြောဆိုနေကြပြီး တက္ကစီယာဉ်မောင်းအားလုံး အတုယူသင့်လို့ လူမှုကွန်ယက်အသုံးပြုနေသူတွေက ဆိုပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် အငှားယာဉ် MDY CC/3819 ကို မောင်းနှင်နေသည့် ယာဉ်မောင်း ဖြစ်သူသည် သူရဲ့ ကားပေါ်တွင် ခရီးသည်ကကျန်ခဲ့သည့် ဖုန်းကို ဆိုင်ရှင်ထံ ပြန်လာပေးခြင်းဖြစ်တယ်လို့ ကားပေါ် ဖုန်းကျန်ခဲ့တဲ့ ခရီးသည်က လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားထားတာပါ။

ယင်းက “ကျွန်တော် ၉ နာရီကျော်ကသံသုမာလမ်းကနေ ကျွန်တော့်အိမ်ကို ငှားလာတာဆင်းမယ့်နေရာလဲရောက်ရော ကားခက နှစ်ထောင်တဲ့အဲ့ဒါနဲ့ ၅၀၀၀ တန် ထုတ်ပေးလိုက်ရော ပြန်အမ်းဖို့ အကြွေမပါဘူးတဲ့ ။အဲ့ဒါနဲ့ အသိအိမ်ရှေ့မှာ ရပ်တော့ ခဏလေး အကြွေလဲပြီး ပြန်လာပေးမယ် အစ်ကို ဆိုတော့ ရတယ်တဲ့အဲ့ဒါနဲ့ ကျွန်တော်လဲ ဆင်းပြီးတစ်ထောင်တန် ငါးရွက်လောက် လဲပေးပါ ဆိုပြီး အသိဆီက လဲပြီး Taxi အစ်ကိုကိုယ်။နှစ်ထောင်ပေးလိုက်တယ်သူလည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောတယ်ကိုယ်လည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောပြီးသူကား Taxi MDY CC/3819 လေးက ထွက်သွားတယ်တစ်အောင့်ကြာတော့ အသိကို စကားပြော နှုတ်ဆက်ပြီးဖုန်းကို သတိရသွားတယ်။ဖုန်း မရှိတော့ဘူး ကားပေါ်ပါသွားပြီလို့ အသိကိုယ်ပြောရင်း အသိ ဖုန်းနဲ့ လှမ်းဆက်တယ် တစ်ခါခေါ်တာမကိုင်ဘူး နောက်တစ်ခါ ထပ်ခေါ်မှ ဖုန်း ကိုင်တယ်။အစ်ကို ကျွန်တော် ခုနက ကားငှားတဲ့ ညီလေးပါ ဖုန်းလေးကား ပေါ်ပါသွားလို့ ခုန နေရာလေးကို ပြန်ပို့ပေးပါလားလို့ပြောတော့ သူက ဖုန်းနဲ့ပြန်ပြောရင်း ခုန နှစ်ထောင်နဲ့ ငှားတဲ့ ညီလားတဲ့ ဟုတ်ကဲ့ပါ အစ်ကိုပြောတော့အခု အဲ့နေရာကို ပြန်လာပို့ပေးမယ်တဲ့ စောင့်နေတဲ့မကြာပါဘူး ပြန်ရောက်လာပြီး ဖုန်းကိုပြန်ပေးတယ်။ ကျွန်တော် လည်းကျေးဇူးအများကြီးတင်ပါတယ် အကိုမုန့်ဖိုးလေးတော့ပြန်ယူသွား ပါလို့အတင်းပေးခဲ့ရတယ်။ဘာပြောပြောအခက်အခဲတွေ ကြားထဲကစိတ်ထားမွန်မြတ်တဲ့ လူတစ်ယောက်ကို တွေ့ရလို့ကျေးဇူးအများကြီးတင်ပါတယ်။အကို တန်ဖိုးအများကြီး မရှိပေမယ့် စိတ်ထားကောင်းစွာပြန်လာပေးတဲ့ အစ်ကိုတူသောအကျိုးတူသော စေတနာလက်ငင်း မြန်စွာ ရပါစေ” လို့ ပြောကြားထားပါတယ်။