ပုသိမ်မှာ ၄၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ဖေဖော်ဝါရီလ ၁၂ ရက်က ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံ ၇ ဦးအား စစ်ဆေးမေးမြန်းချက်အရ ဆက်စပ်တရားခံ ၁ ဦးအား ကုလားချောင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ သမ္ဗန်ချိုင်ကျေးရွာနေ တင်ထွန်း(တိမ်းရှောင်) ပိုင်ဆိုင်သည့် ဘိလပ်မြေဂိုဒေါင်မှ မူးယစ်ဆေးဝါး(ICE) ၁၅၀၀ ကီလိုဂရမ်(တန်ဖိုး ကျပ် ၄၅ ဘီလီယံခန့်) သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ #Crd