AA နဲ့ ALP/ALA ကြားက အမုန်းတရား

ALP/ALA ဆိုတာ ၁၉၆၈ ခုနှစ်ကတည်းက KNU အကူအညီနဲ့ စတင်ထူထောင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးဆိုကာ တပ်မတော်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင် တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ AA လက်နက်ကိုင်အဖွဲ့ကတော့ KIA ရဲ့ အကူအညီနဲ့ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သလို သူတို့ ၂ ဦးရဲ့ နောက်ခံအဖွဲ့အစည်းတွေဟာ မတူညီကြဘဲ ခံယူချက်ခြင်းတွေကလည်း မတူညီကြပါဘူး။ ALP/ALA အနေနဲ့လည်း ၎င်းတို့အဖွဲ့အစည်းက AA ထက်ဦးစွာပေါ်ပေါက်လာသော လက်နက်ကိုင်ဖြစ်တာကြောင့် AA ကို အရာမသွင်းချင်ကြသလို AA အနေနဲ့ကလည်း နောက်ပိုင်းပေါ်ပေါက်လာသော လက်နက်ကိုင်ဖြစ်ပေမယ့် ALP/ALA ထက်အင်အားများတာကြောင့် ALP/ALA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း/သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေကြတာမို့ ၎င်းတို့ ၂ ဖွဲ့ကြားမှာ တိုက်ခိုက်မှုတွေလည်း မကြာခဏ ရှိနေပါတယ်။ ALP/ALA အနေနဲ့ အေးအေးချမ်းချမ်းနေထိုင်ပြီး ရခိုင်လူမျိုးတွေအတွက် လက်နက်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ AA အနေဖြင့် ALP/AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ပေါ်ပေါ်ထင်ထင်ဆောင်ရွက်နေပြီး လွန်ခဲ့သည့်လများက စစ်တွေမြို့ အစည်းအဝေးက ပြန်လာသည့် ALP/ALA တပ်ဖွဲ့ဝင် ၃ ဦးကို AA လက်နက်ကိုင်အဖွဲ့က ချောင်းမြောင်းပစ်ခတ်လုပ်ကြံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ယခုတစ်ဖန်လည်း ALP ပါတီဝင်သုံးဦး ကို သတ်ဖြတ်ခဲ့တာကို ကြည့်ချင်းအားဖြင့် AA လက်နက်ကိုင် အနေနဲ့ လူမျိုးစုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတာ တကယ်ရောဟုတ်ရဲ့လား… ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ AA တပ်ဖွဲ့ဝင်တွေက ဆက်ကြေးကောက်တာတွေ အတင်းအဓမ္မယူ‌ဆောင်တာတွေ..ရခိုင်လူမျိုးတူခြင်း သတ်ဖြတ်နေတာတွေက လူမျိုးစုအတွက် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုတည်း အာဏာရရှိရေးအတွက် ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။ ဒါကြောင်မို့ AA အနေနဲ့ ALP/ALA အပေါ်ရှိနေတဲ့ အမုန်းတရားကတော့ အာဏာရရှိရေးနှင့် တစ်ဖွဲ့တည်းရပ်တည်မယ်ဆိုတဲ့ ဗိုလ်ကျချင်သည့် အမုန်းတရားသာဖြစ်ကြောင်းဖော်ပြပေးလိုက်ရပါတယ်။