တပ်မဟာ ၆ နယ်မြေတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၆ ဦးသေတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် K.N.L.A ၊ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ K.N.D.O ၊ KNLA နှင့် KNDO တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းစစ်ကြောင်းများနှင့် စစ်တပ်တို့အကြား တိုက်ပွဲကြီး ၅ ကြိမ် နှင့် တိုက်ပွဲငယ် ၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဒု-ဗိုလ်မှူးကြီး ၁ ဦးနှင့် နယ်ထိန်းရဲ အရာရှိ ၁ ဦး အပါအဝင် စုစုပေါင်း ၄၆ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လအတွင်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် K.N.D.O ၊ KNLA ၊ KNDO တို့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သည် ၁ ဦး ကျဆုံးခဲ့၊ ဒရုန်းဖြင့် ၅ ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လူအထင်ကြီးအောင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၆ ဦးသေ ၂၅ ဦး ဒဏ်ရာရတယ်လို့ တပ်မတော်ကိုအပုတ်ချရေးသားကာ ရည်ရွယ်ချက်ရှိရှိလိမ်ညာထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK