နေ့လည်စာကို သူဌေးလိုစားဖို့ ငါးသလောက်ပေါင်းစားရအောင်

စကားပုံတစ်ခုရှိပါတယ်…မနက်စာကိုရှင်ဘုရင်လိုစား၊ နေ့လည်စာကို သူဌေးလိုစား၊ ညစာကို သူဖုန်းစားလိုစားပါတဲ့…။

ဝိတ်တက်မှာစိုးလို့ အစာဖြတ်တာ၊ တစ်နပ်လျှော့စားတာမျိုးတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် ဝိတ်မကျစေဘဲ ပိုပြီးဝိတ်တက်စေနိုင်တဲ့ အလေ့အထမျိုးပဲဖြစ်ပါတယ်…။

လူတစ်ယောက်ရဲ့ တစ်နေ့တာကယ်လိုရီ လိုအပ်မှုအကြောင်းလေးကို နောက်မှ သေသေချာချာတွက်ချက်ပြဦးမယ်နော်…။

ကဲ…ဒါဆို…ပရိသတ်ကြီးတို့ရေ နေ့လည်စာကို သူဌေးလိုစားဖို့ ဒီနေ့တော့ ငါးသလောက်ပေါင်းကို အရသာရှိရှိချက်စားကြရအောင်လို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်…။