စက်သုံးဆီ အလုံအလောက်ရှိပြီး အရန်ဆီတွေလည်းရှိကြောင်းထုတ်ပြန်

စက်သုံးဆီ အလုံအလောက်ရှိပြီး အရန်ဆီတွေလည်း ရှိတယ်လို့ မစိုးရိမ်ပါနဲ့ဆိုပြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံအတွင်း စက်သုံးဆီများ လုံလောက်ပြီး အရန်ဆီများလည်း ဖူလုံစွာ သိုလှောင်ထားရှိ၍ စက်သုံးဆီနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရန် မလိုဘူးလို့ ဆိုပါတယ်။

လစဉ်ပြည်တွင်းလိုအပ်ချက်နှင့်အညီ ပြည်ပက ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသ များမှ စက်သုံးဆီများကို တင်သွင်းနိုင်ရေးအတွက် လုပ်ဆောင်နေသလို အရန်ဆီများကို အရေးပေါ်အခြေနေတွင် ကာလတစ်ခုအထိ သုံးစွဲနိုင်ရေး လုံလုံလောက်လောက် တင်သွင်းထားတယ်လို့ဆိုပါတယ်။

ထပ်မံဝင်ရောက်လျက်ရှိသော ဆီတင်သ‌င်္ဘောများသည်လည်း ဆိပ်ကမ်းအားသည်နှင့် ဆီချနိုင်ရေး အသင့်စောင့်ဆိုင်းလျက်ရှိတာကြောင့် ပြည်သူများအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဖူလုံမှုရှိစေရေး‌အပေါ် စိုးရိမ်ပူပန်ရန်မလိုအပ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

(မြန်မာ့ပလက်ဖောင်း)