အရန်ဆန်များကို တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်နှုန်းထက် မပိုသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်

ရောင်းချသွားမည့် အရန်ဆန်အိတ် (၅၀,၀၀၀) (Well Milled, Polished & Sortexed) ၂၅%အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ (MRF)မှ ဇူလိုင်လ(၂)ရက်တွင်မှ ထုတ်ပြန်ထားပါတယ်။ အဆိုပါ ဆန်အိတ်များကို ယခုလ(သြဂုတ်လ)အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။