မင်္ဂလာရှိသော နံနက်ခင်းလေးပါ

မကျေနပ်တဲ့အကြောင်းတွေကို
မပြတ်အောင်တွေးနေရင်
ဒေါသအပူတွေမငြိမ်းနိုင်ပါဘူး ။

စိတ်အေးချမ်းဖို့အတွက်ဆိုရင်
မလိုအပ်တဲ့ အတွေးဆိုးတွေကို
တားဖို့ တကယ်လိုအပ်ပါတယ် ။

မေတ္တာစတဲ့စိတ်ကောင်းလေးတွေ
ကိုယ့်မှာ ကိန်းမှုအားနည်းနေရင်
မကျေနပ်မှုတွေဟာ ၀င်လွယ်ပါတယ် ။

ဖြစ်နေတဲ့အခိုက်လေးမှာ
သတိလေး မဆိုက်ကပ်မိဘူးဆိုရင်
ကိလေသာဖြစ်ကြောရှည်ပါတယ် ။

မကျေနပ်စရာအာရုံကလောင်စာ
အတွေးစိတ်ကမီးစာဆိုတော့

ကိုယ့်ဒေါသဟာအားကောင်းလာတဲ့
အနေထားမှာ ရှိလာပါတယ် ။

အဆိုးအတွေးအားကောင်းလေလေ
အပူတွေက လောင်လေလေပါပဲ ။

ဒါကြောင့် ဘ၀မှာ
ပေါ့ပါးချမ်းသာစွာနေချင်တယ်ဆိုရင်

ကိုယ့်အတွေးဟာ ဒေါသရဲ့
လောင်စာမဖြစ်အောင်နေဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏