လူမျိုးရေးခွဲခြားဖိနှိပ်မှုတွေကြောင့် ကယားအကြမ်းဖက်အဖွဲ့ထဲကနေ ဗမာ PDF ၁၂ ဦး ထွက်ပြေး

အကြမ်းဖက် NUG ရဲ့ လက်အောက်ခံ ကယားအကြမ်းဖက်အုပ်စုတွေဖြစ်တဲ့ တပ်ရင်း (၁၁၀၂) နဲ့ တပ်ရင်း (၁၁၀၇)တို့မှာရှိတဲ့ ဗမာလူမျိုး PDF အကြမ်းဖက်အဖွဲဝင် ၁၂ ဦးတို့ဟာ M-22 (၁)လက်၊ M-16 (၂)လက်၊ ပွိင့်-၂၂ စနိုက်ပါ (၃)လက်၊ M-40 (၁)လက်၊ စုစုပေါင်း (၇)လက်ကိုယူဆောင်ပြီး မော်တော်ယာဉ်(၁)စီးနဲ့ ထွက်ပြေးသွားခဲ့တယ်လို သတင်းတွေထွက်ပေါ်နေပါတယ်။

ကယားအကြမ်းဖက်အုပ်စုတွေရဲ့ လူမျိုးရေးခွဲခြားဖိနှိပ်မှုတွေကို မခံစားနိုင်တော့တဲ့ ၎င်းအကြမ်းဖက်သမားတွေဟာ ဒီးမော့ဆိုမြိုနယ်၊ ပဆေးလာကျေးရွာရဲ့ အရှေ့မြောက်ဘက်ကနေ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဒီးမော့ဆို-တောင်ငူသွား ကားလမ်းအတိုင်း ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားတာလို့ ဆိုပါတယ်။