မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ယူနန်ပြည်နယ် ဗုဒ္ဓဘာသာအသင်းချုပ်မှ ယွမ်ငွေ ၆ သိန်းကျော်လှူဒါန်း

မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ယူနန်ပြည်နယ် ဗုဒ္ဓဘာသာအသင်းချုပ် The Buddhist Association of Yunnan Province မှ ဇွန်လ ၁ ရက်နေ့တွင် တရုတ်ယွမ်ငွေ စုစုပေါင်း ၆.၁ သိန်း (မြန်မာကျပ်ငွေ သိန်း ၂၄၀၀ ကျော်) ကို ကူမင်းမြို့ ၊ Yuan Tong ဘုရားကျောင်း၌ လှူဒါန်းခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် က အလှူငွေများ လက်ခံရယူခဲ့ကြောင်း သိရပါတယ်။