ရွှေဘိုမြို့နယ်အတွင်း နယ်လှည့်ဆေးကုအဖွဲ့မှကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြိုအတွင်းရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာ ရေးဝန်ကြီးဌာနတိုမှနယ်လှည့်အထူးဆေးကုသရေးအဖွဲသည် စက်တင်ဘာလ ၁၃ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရွှေဘိုမြိုတော်ခန်းမ၌အခြေပြု၍ မြို ပေါ်ရပ်ကွက်နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာ တော်များနှင့်ဒေသခံပြည်သူ စုစုပေါင်း(၇၂၀) ဦးကို ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရပါတယ်။

ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၉ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ ကလေးရောဂါ ၅၃ ဦး၊ သားဖွားမီးယပ်ရောဂါ၂၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၃ ဦး၊ မျက်စိရောဂါ ၂၃၀ ဦး၊ သွားရောဂါ ၄၄ ဦးနှင့် အခြားရောဂါတိုကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတိုအနက်မှ အထွေထွေခွဲစိတ်လူနာနှင့် မျက်စိခွဲစိတ်လူနာ တိုကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်?

ထိုပြင် ဓာတ်မှန်ရိုက် လူနာ၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာနှင့် ဓာတ်ခွဲစမ်းသပ်လူနာ တိုကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဥ်တိုဖြင့် ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီ အစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ထိုးနှံရန်လိုအပ်သူ များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ များအား နီးစပ်ရာ တပ်မတော် ဆေးရုံများသို တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။

ထိုပြင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ရွှေဘိုမြိုနယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးသည်။