နိုဝင်ဘာ ၃၀ ရက်နေ့ တိုက်ပွဲသတင်းများ

♦♦ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် အကူရဲတပ်ဖွဲ့မှူးရုံးနှင့် အထက(၂) ကျောင်းများသို့ KNPP/KNDFနှင့် PDF ပူးပေါင်းအဖွဲ့များက နံနက် ၉ နာရီနှင့် နေ့လည် ၁ နာရီခန့်တို့တွင် အင်အား ၉၀ ဦးဖြင့် ၂ ကြိမ်၊ ၃၀ ဦးခန့်ဖြင့် တစ်ကြိမ် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

♦♦ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်ကလေးရဲကင်းစခန်းအနီး လုံခြုံရေးတပ်ဖွဲ့များနှင့် KNLA တပ်မဟာ ၆ ၊ ရင်း ၁၇ နှင့် PDF ပူးပေါင်းအဖွဲ့ ၄၀ ဦးခန့်တို့ နေ့လည် ၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

♦♦ရန်ကုန်တိုင်း ခရမ်းမြို့နယ် (၁၁)ရပ်ကွက်၊ ကျုံမရေ-ဘုရားပျိုသွား ကားလမ်းပေါ်ရှိ ကျုံမရေ ရေထိန်းတံခါးအနီး၊ (၁၂) ရပ်ကွက်ရှိ ရေကျော်ဘုန်းကြီးကျောင်းအနီးနှင့် ခရမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအဆောက်အဦရှေ့သို့ PDF အကြမ်းဖက်များမှ Drop Bomb ၁ လုံးစီဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

♦♦ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အထကစာသင်ကျောင်းသို့ နေရာ ၂ နေရာမှ AA သောင်းကျန်းသူ ၁၃၀ ဦးခန့်က နေ့လည် ၂ နာရီဝန်းကျင်တွင် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်း/ရေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

♦♦ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်စခန်းနှင့် နှုံးဘူးစခန်းများသို့ AA သောင်းကျန်းသူများ နေ့စဉ် Drop Bomb များဖြင့် ဖြုတ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ထရွန်အိုင်နှင့်နှုံးဘူးစခန်းတစ်ဝိုက်ရှိ AA သောင်းကျန်းသူများကို Y8 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ကျဆုံးလျက်ရှိကြောင်းသိရ။

♦♦စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် မြသိန်းတန်ဘုရားအနီး၌လည်းကောင်း မြိုမရဲစခန်းအနီးနှင့် ထီးချိုင်တံတားသို့လည်းကောင်း KIA နှင့် PDF ပူးပေါင်းအဖွဲ့များမှ Drop Bomb များဖြင့် ဖြုတ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရ။

♦♦ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဆိတ်ဖူးခင်ကျေးရွာတွင် PDF များရောက်ရှိနေကြောင်းသတင်းရရှိ၍ သွားရောက်ရှင်းလင်းစဉ် ကျေးရွာအဝင်သို့အရောက် KNLA တပ်မဟာ(၃)၊ ရင်း (၈) နှင့် PDF ပူးပေါင်း ၅၀ ဦးခန့်ကပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။