ယင်းမာပင်မြို့နယ်၊ မြိုင်တောင်အနီး PDFများနဲ့ တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီလ ၂၆ ရက်u ယင်းမာပင်မြို့နယ်အတွင်း တပ်မတော်လုံခြုံရေးအဖွဲ့များက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြိုင်တောင်အနီးသို့အရောက် အကြမ်းဖက်သမားအင်အား ၅၀ ဦးက စတင်ပစ်ခတ်ခဲ့သဖြင့်
ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်….
ဖြစ်စဉ်အတွင်းမှ-
-လက်လုပ်စိန်ပြောင်း ၂ လက်
-လက်လုပ်စိန်ပြောင်းဗုံးသီး ၈ လုံး
-လက်လုပ်မိုင်း ၇ လုံး
-ယမ်းချောင်း ၅၀ ချောင်း
-ကန့်ဝါအမှုန့်ထုပ် ၁၂ ထုပ်
-လက်လုပ်ဒရုန်း ၁ စင်း
-အီကွေ့မန့် ၁ စုံ
-ပြောက်ကျားအင်္ကျီ/ဘောင်းဘီ ၄ ထည်
-မီးစက် ၁ လုံး
-ယာဉ် ၁ စီး
-ဆိုင်ကယ်မျိုးစုံ ၁၄ စီး
-တဲ ၉ လုံး
-ပစ်ကျင်း ၁၈ ကျင်းသိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိကြောင်း သိရှိရပါတယ်…