😁😁ပြောတတ်ရတာပေါ့😁😁

“မိန်းမ ရေ တံခါးးဖွင့်ပါအုံးး”ဆိုတဲ့ အော်သံ အဆုံး
တံခါးပွင့်လာပြီး မိန်းမက

“ရှင် အရက်သောက်လာပြန်ပြီလား…”

“ဟုသယ်… သောက်လာမိပီ”

“မနေ့က ဘယ်လို ပြောထားလဲ”

“မသောက်ဖူးလို့ ပြောထားတာလေ”

“ရှင်းစမ်းပါအုံးး …ဆင်ခြေလေးတွေ”

“ဒါက ဒီလို ရှိတယ်လေကွာ”

“ပြောစမ်းပါ ခုတစ်မျိုး တော်ကြာ တစ်မျိုးနဲ့”

“သူငယ်ချင်းးတွေ ဒီနေ့ ဆုံကြလို့ပါ”

“ဆုံပဲဆုံ နိုင်လွန်းပါ့တော်..”

“အခါတိုင်းဆုံတာနဲ့မတူဘူးကွ ဒီနေ့တော့
အထူးအစီအစဉ်လေးပါ..ပါ….”

“ပြောမှာသာ ပြောပါ စိတ်မရှည်တော့ဘူး..ဟင်း.”

“ဒီနေ့က ဝိုင်းနှစ်ဝိုင်းခွဲထားတယ် မိန်းမရုပ်ဆိုးသူတွေက အချိုဝိုင်းတဲ့… မိန်းမ ချောချောရထားသူတွေက အရက်ဝိုင်းတဲ့ အာ့နဲ့ ကိုယ့်လဲ ကိုယ့်မိန်းမက အချောဆိုတော့
အရက်ဝိုင်းးးထိုင်တာပေါ့ ဟုပုလား မိန်းမရာ😁😁”

“ရှင် မဆိုးပါဘူး အာ့ဆိုလဲ နည်းနည်းပဲ သောက်ခဲ့လေ”

“ဒါကလဲ ပထမ နစ်ပက်စီ သောက်ပီး ဒုတိယကျ လေးပက်ထည့်ရတယ် ပီးတော့ ပြောသေးတယ်”

“ဘယ်လိုပြောလို့လဲ…”

“မိန်းမက သောက်တာ များလို့ အရိုက်ခံရမှာကြောက်ရင် မသောက်ပါနဲ့တဲ့……. မိန်းမက ကိုယ့်ကို တကယ်ချစ်လို့ အရိုက်မခံရရင် သောက်ပါတဲ့ အာ့နဲ့ မိန်းမကကိုယ့်ကိုတကယ်ချစ်တာဆိုတာသိတော့ ကိုယ်လဲထပ်သောက်လိုက်ရတာပေါ့ကွာ…”

“ရှင့်ကို ကျုပ်က ချစ်လို့ ယူခဲ့တာ ရိုက်စရာလားး”

“အေးယေ…. ကိုယ်သိတာပေါ့ မိန်းမရာ”

“ကိုင်းးသွားအိပ်တော့လေ”

“သူတို့က ပြောသေးတယ် မနက်ဖြန်ကျ အထူးအစီအစဉ်ရှိသေးတယ်တဲ့ မိန်းမ က အိပ်ရာကို တွဲပို့သူတွေအတွက်
သီသန့်တဲ့လေ..”

“လာ ယောက်ျား….” ဆိုပြီးအိပ်ယာထဲ တွဲခေါ်ရင်းး ပြောသေးတယ်

“မနက်ဖြန်ကျရင် ရေမိုးချိုးပြီး စတိုင်ကျကျ သွားနော်..”
တဲ့….

ဟွင်းးးးးး ပြောတတ်ရတာပေါ့😁😁😁😁😁

အကွက်တေ အကွက်တေ ဂေါင်းရီးတို့ 😁

crd
😁😁