မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင့်

ကိုယ်လည်း မှားတတ်တာမို့

လူဆိုတာ
သူများရဲ့အမှားတွေကိုလည်း
ကိုယ်ချင်းစာပေးတတ်ဖို့လိုပါတယ် ။

သူများအမှားကိုကြည့်ပြီးတော့
လှောင်ပြောင်တတ်တဲ့သူဟာ
စိတ်ဓါတ်အောက်တန်းကျပါတယ် ။

ကိုယ့်အလှည့်ဆိုရင်
ဘယ်လိုနေမလဲဆိုတဲ့စာနာစိတ်လေး
လူတိုင်းမှာ ရှိနေသင့်ပါတယ် ။

အတ္တမာနတွေဖုံးလာရင်
လူဆိုတာ အမှားလုပ်မိနိုင်ပါတယ် ။

အဲ့ဒီအမှားမျိုး ကိုယ်မလုပ်ဘူးလို့
တရားသေ မပြောနိုင်ပါဘူး ။

မမှားကြသေးလို့သာ
ကိုယ်ချင်းမစာနာနိုင်ကြသေးတာပါ
တစ်ချိန်ချိန်တော့ မှားနိုင်ပါတယ် ။

ဘာဖြစ်လို့လည်းဆိုရင်
ကိုယ့်မှာ ကိလေသာကံသတ္တိတွေဟာ
ရှိနေသေးလို့ ဖြစ်ပါတယ် ။

ဒါကြောင့် ဘဝမှာ
အလှည့်ဆိုတာ ရှိလာတတ်တာမို့

ကိုယ်ချင်းစာစိတ်ထားပြီးတော့
အမှားနည်းအောင် စောင့်ရှောက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏