ချောင်းဦးနယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နင်းမိုင်းများထောင်တယ်လို့ Mizzima မှ သတင်းအမှားရေး

သြဂုတ်လ ၁၀ ရက် နံနက် ၇ နာရီ ၄၉ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ နတ်ရေကန်အနားမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦးခန့်က Jumper ကားတစီးဖြင့် လာရောက်ခဲ့ပြီး အရပ်သားပြည်သူများ သွားလာရာနေရာဖြစ်သည့် ငါးယှန်ကျေးရွာအနီးတွင် နင်းမိုင်းများ လာရောက်ထောင်ထားခဲ့သည်ဟု Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၁၀ ရက် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ နတ်ရေကန်အနားမှ စ၍ စစ်ကိုင်းမုံရွာကားလမ်းမအား လုံခြုံရေးတပ်ဖွဲ့ဝင်များမိုင်းရှင်းလင်းခြင်းဆောင်ရွက်နေကြောင်းနှင့် အများပြည်သူသွားလမ်းနေရာများအား မိုင်းထောင်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzuma မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်က မိုင်းရှင်းလင်းရေးဆောင်ရွက်နေတာကို မိုင်းထောင်တယ်ဆိုပြီး ပြည်သူများမုန်းတီးအောင် တမင်ရည်ရွယ်ပြီး ရေးသားထားခြင်းသာဖြစ်ပါတယ်။