လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၃၀ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က အောင်လံမြို့နယ်၊ မဲခေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေး၏ ရုပ်အလောင်း ကို ကောက်ယူရန် အင်အား ၂၀ ခန့်ဖြင့် လာရောက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၃၀ ရက်နေ့၌ အောင်လံမြို့နယ်၊ မဲခေါင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ မိုင်းဆွဲတိုက်ခိုက်ခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။