မုံရွာမြို့သစ်ရပ်ကွက်ရှိ KTV ကို PDF များက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ Super One KTV ကို ဇန်နဝါရီလ ၇ ရက် မွန်းလွဲ
၂ နာရီအချိန်၌ PDF အကြမ်းဖက်သမားများက လက်လုပ်လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်းသိရသည်။
PDF အကြမ်းဖက်သမား၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် KTV ၏ တောင်ဘက်လမ်းသွယ်အတိုင်း အနောက်မှ
အရှေ့သို မောင်းနှင်လာကာ လက်လုပ်လက်ပစ်ဗုံး ၁ လုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လက်လုပ်လက်ပစ်ဗုံးသည်
KTV ၏ ကားပါကင်အနီးသို ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကားပါကင်တွင် ရပ်ထားသည့် TOYOTA ကားတစ်စီး
တွင် နောက်ဖုံး ဗုံးစထိမှန် ၁ ချက်နှင့် အခြား TOYOTA ကားတစ်စီးတွင် နောက်ဖုံး ဗုံးစ ၂ ချက်ထိမှန်ခဲ့ပြီး
ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။
အကြမ်းဖက်သမားများသည် လက်လုပ် လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ပြီးနောက် ပြည်ထောင်စုလမ်းအတိုင်း တောင်ဘက်
သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။