ကရင်ပြည်နယ် ကွမ်းခြံကုန်းကွေ့တွင် ခရီးသည်တင် (Express) ကားနှင့် (၂၂) ဘီးတွဲကားတိုက်မိ

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမကြီး၊ ကွမ်းခြံကုန်းကွေ့တွင် မေလ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ကျော်ခန့်က အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာကြသည့် “သစ်ဆန်း”အဝေးပြေးခရီးသည်တင် (Express) ကားနှင့်ပြောင်းဆံများတင်လာသည့် (၂၂) ဘီးတွဲကားသည် ကွမ်းခြံကုန်းအကွေ့တွင် တိုက်မိခဲ့ပြီးနောက် ပြောင်းတင်တွဲကားမှာ တိမ်းမှောက်သွားခဲ့ကြောင်း သိရပါတယ်.။အဆိုပါ ဖြစ်စဥ်ကြောင့် ခရီးသည်တင်(Express)ယာဉ်၏ ယာဥ်နောက်လိုက်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်.။