နောက်ဆုံးရ မနက်ခင်း သတင်းတိုများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ အက်ဖ်အေ တတိယအဆင့် ပွဲစဉ်မှာ လီဗာပူးလ်နဲ့ ဝုလ်ဗ်တို့ ၂-၂ သရေကျခဲ့တာကြောင့် replay ထပ်မံကစားရဦးမှာ ဖြစ်ပြီး စပါး၊လက်စတာ၊ ဖူလ်ဟမ်၊ ဘရိုက်တန်၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကာ နယူးကာဆယ်ကတော့ အသင်းငယ် ရှက်ဖ်ဝက် ကို မထင်ပဲ အရေးနိမ့်ခဲ့ရပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဗီလာရီးရဲလ် အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ရတာကြောင့် အမှတ်ပေးဇယား ဦးဆောင်နိုင်ခွင့် ဆုံးရှုံးခဲ့ရပြီး ဘာစီလိုနာအသင်းထက် တစ်ပွဲလျော့ ရမှတ်တူ အနေအထားနဲ့ အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

စီးရီးအေ ပွဲစဉ်တွေမှာတော့ ဂျူဗင်တပ် အသင်းက အူဒီးနီးစ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တာကြောင့် အဆင့် ၁ နေရာမှ နာပိုလီထက် တစ်ပွဲပို ကစား ရမှတ် ၄ မှတ်လျော့ အနေအထားနဲ့ လိုက်လံဖိအားပေးနိုင်ခဲ့ပြီး ဖီအိုရင်တီးနားကလည်း ဆက်ဆူအိုလို အသင်းကို ၂-၁ နဲ့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

ဝုလ်ဗ် နည်းပြ ပယ်လီတီဂွီကတော့ ပွဲပြီးခါနီး ၎င်းတို့ သွင်းယူခဲ့တဲ့ အဆုံးသတ်ဂိုးကို ခွင့်မပြုပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ ပေါ်တာကတော့ ၎င်းအနေနဲ့ အသင်းထံမှ ထောက်ခံချက် အပြည့်အ၀ ရရှိထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ နယ်သာလန်နဲ့ ထင်ရှားခဲ့ဖူးတဲ့ ဘီဆစ်တက် အသင်းတိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သတင်းရရှိပါတယ်။

လီဗာပူးလ် အသင်းနည်းပြ ကလော့ပ်ကတော့ ဝုလ်ဗ်နဲ့ ပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမား အဲလက်ဆင်ဘက်က ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

မိုချင်ဂလတ်ဘက် အသင်းဟာ ဘိုင်ယန် အသင်းစိတ်ဝင်စားနေတဲ့ ၎င်းတို့ဂိုးသမား ဆွန်မာကို ရောင်းချသွားမှာ မဟုတ်ကြောင်း အသိပေးသွားခဲ့ပါတယ်။

ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတဲ့ အေဂျက်နောက်ခံလူဟောင်း ဒါလေဘလိုင်းရဲ့ ဆုံးဖြတ်ချက်အပေါ် ဗန်ဟားနဲ့ တန်ဟတ်ဂ်တို့က ထောက်ခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Credit