ဘလွန်းဒီအော်ဆုရောင်းပြီး တိတ်တဆိတ် လှူဒါန်းခဲ့ဖူးတဲ့ ရိုနယ်ဒို

ဥရောပ ဘောလုံးလောကရဲ့ ချိန်ခွင်တစ်ဖက်အခြမ်းမှာ အမြဲလိုလို ရပ်တည်နေခဲ့ရတဲ့ ခရစ်တီယာနို ရိုနယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ဖောင်ဒေးရှင်းတစ်ခုအတွက် ၎င်းရဲ့ ၂၀၁၃ ခုနှစ် ဘလွန်းဒီအော်ဆုကို ရောင်းချကာ လှူဒါန်းပေးခဲ့ဖူးကြောင်း သတင်းရရှိပါတယ်။

Make-A-Wish အမည်ရှိ ဖောင်ဒေးရှင်းတစ်ခုအတွက် ရိုနယ်ဒိုက ၎င်းအမြတ်တနိုးထားခဲ့တဲ့ ဆုတံဆိပ်တစ်ခုကို ရောင်းချခဲ့ဖူးတာဖြစ်ပြီး အစ္စရေး သန်းကြွယ်သူဌေးတစ်ဦးက ပေါင် ၅၃၂၀၀၀ နဲ့ ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
ရိုနယ်ဒိုရဲ့ လှူဒါန်းပေးမှုဟာ ဆိုရှယ်မီဒီယာအထက် ထင်ပေါ်အောင် ပြုလုပ်ခြင်း မရှိခဲ့တာကြောင့် ပရိသတ်တွေကြား များစွာ မပျံ့နှံ့ခဲ့ရပေမယ့် ၎င်းရဲ့ လှူဒါန်းပေးမှုကြောင့် ဒုက္ခရောက် ပရိသတ်များစွာ သက်သာရာ ရခဲ့ဖူးတာတော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။

ရိုနယ်ဒိုလိုပဲ ဆုတံဆိပ်တွေကို လှူဒန်းခဲ့ကြသူတွေအဖြစ် မော်ရင်ဟို နဲ့ ဂွာဒီယိုလာတို့လည်း ထင်ထင်ရှားရှားရှိခဲ့ဖူးပြီး ၎င်းတို့ရရှိခဲ့တဲ့ ဆုတံဆိပ်အချို့ကို ရောင်းချကာ A Meet and greet အမည်ရှိ ဖောင်ဒေးရှင်းကို လှူဒါန်းပေးခဲ့ကြဖူးတာ တွေ့ရပါတယ်။

ရိုနယ်ဒိုကတော့ လက်ရှိ ဆော်ဒီကလပ်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပေမယ့် အသင်းသစ်အတွက် ပွဲထွက်ခွင့် စောင့်ဆိုင်းနေရဆဲ ဖြစ်ပြီး ဥရောပ ဘောလုံးလောကထံ ပြန်လှည့်လာဦးမလားဆိုတာကိုတော့ ပရိသတ်တွေ စောင့်မျှော်နေဆဲ သတင်းတစ်ပုဒ် ဖြစ်နေဦးမှာ အသေအချာပါပဲ။

Credit