ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ကန်ကြီးကုန်းရပ်၊ ၅၀×၅၁လမ်း​ကြား၊ ၁၂၅×၁၂၆လမ်းကြားတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသော ဒေါ်ထွေး၊ ၆၈ နှစ်၊ (ဘ)ဦးဖိုးထယ်၏ သွပ်မိုး၊ ထရံကာ၊ ၁ ထပ်နေအိမ်တွင် ဆိုလာဖြင့် ဘက်ထရီအိုးအားသွင်းရာမှ ဘက်ထရီအိုးပေါက်ကွဲ၍ မီးစလွှင့်ပြီးအနီးရှိ ထရံမှတဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်း မီးလောင်မှုကြောင့် အဆောက်အဦး ၂၄ လုံး လောင်ကျွမ်းခဲ့ကြောင်း၊ အဆိုပါ မီးလောင်သည့် နေရာသို့ ​မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့​ကြောင်း သိရသည်။

PAN