ခြံတံခါးမှာ ချိတ်ဆွဲထားသော အထုတ်အားလွှတ်ပစ်ရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွား

မတ်လ ၈ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် တာချီလိတ်မြို၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်း၊ အမှတ်(ဝကခ-၂၂၂) ATA စားသောက်ဆိုင်ကွင်းနောက်၊ ခြံဝန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အာခါစျေးလမ်း၊ အမှတ်(ဝကခ-၂၂၂) ATA စားသောက်ဆိုင်ကွင်းနောက်၊ နေထိုင်သော အဘူးရာ၊ အသက် ၁၈ နှစ်သည် ခြံဝန်းအတွင်းမှ အပြင်သို အမှိက်များထည့်ထားသည့် တွန်းလှည်းဖြင့် အမှိက်ပစ်ရန် ထွက်လာစဉ် ခြံတံခါးအဝ၌ အဝတ်အနီရောင်စဖြင့် ချိတ်ဆွဲထုပ်ထားသော အထုတ်အား ဆွဲယူရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။