မန္တလေးမြို့ရှိ ဒေါ်တောမုန့်တီဆိုင် ဓားပြတိုက်ခံရ

မတ်လ ၁၂ရက်မှာ မန္တလေးမြိုရှိ နာမည်ကြီး ဒေါ်တောမုန့်တီဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်အတွင်းရှိလူများထံမှ ငွေနှင့်လက်ဝတ်ရတနာများ သိန်းရာချီ လုယက်ခံရမှု နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

“၂၆ ဘီလမ်းအနောက်ထိပ်၊ မြိုတော်ဥယျာဉ်အရှေ့ဘက်၊အောက်ကမ်းနားလမ်း၊ ပိုက်ကျူံး၊ ဖိုကုန်းရပ်ရှိ ဒေါ်တောမုန့်တီအိမ်ဆိုင်သို နံနက်အစောပိုင်းအချိန်က လူနှစ်ယောက်ဆိုင်ကယ်တစီးနဲ့ ဗုံးနှစ်လုံးနဲ့ သေနတ်တွေပြပြီး ဝတ်ထားတဲ့ရွှေတွေရောအကုန်ချွတ်ယူသွားပါတယ်
တန်ဖိုးက သိန်းရာကျော်ဖိုးလောက် ရှိလောက်တယ်”ဟုလည်း MDY Revolution Page တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဥ်တွင် နံနက် ၁၀ နာရီခန့်တွင်မှ တပ်ကလာရောက်စစ်ဆေးသည်ဟုလည်း သိရပြီး ထိုဖြစ်စဥ်မှာမှန်ကန်ကြောင်းနှင့် အဆိုပါဆိုင်ခွဲ သွားရောက်ဖွင့်လှစ်သည့် ဝန်ထမ်းများ ပြန်မလာသေးသည့်အတွက် အသေးစိတ်မသိရသေးကြောင်းလည်း ဒေါ်တောမုန့်တီဆိုင်ဝန်ထမ်းတစ်ဦးထံမှစုံစမ်းသိရသည်။