ဧပြီလ ၉ ရက်န့ မှုခင်းသတင်းများ

-ဧပြီလ ၈ ရက် ၁၄၅၅ နာရီတွင် ရေးမြို့နယ်၊ လမိုင်းမြို့၊ ကော့ဒွတ်ကျေးရွာနေ ဦးအောင်စိုးနိုင်(၄၉)နှစ်သည် ကျေးရွာ ကမ်းခြေမှ ဟွန်ဒါဖစ်(ခဲရောင်)ယာဉ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် ကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့ ကျား ၄ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ကာ မော်တော်ယာဉ်အား ယူဆောင်သွားကြောင်း၊ အကြမ်းဖက်သူများ၏ ပစ်ခတ်မှုကြောင့်  ဦးအောင်စိုးနိုင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဧပြီလ ၈ ရက် ၁၂၂၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်၊ ပေါ်တော်မူကျောင်းတိုက်ဆရာတော် ဦးဉာဏိသရ၊ သက်တော်(၅၂)နှစ်၊ ဝါတော်(၃၂)ဝါ(မြို့နယ်သံဃာနာယက တွဲဖက်အကျိုးတော်ဆောင်)နှင့် ဦးစောအယ်ဒို(ပန်းတောရပ်ကွက်)တို့ ၂ ဦးသည် ပန်းတောရပ်ကွက်ရှိ (ဒေသအခေါ်)ရေကန်တောင်ဘုရားအား ဒေသခံပြည်သူ ၄၀ ဦးခန့်နှင့်အတူ သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့် ရောက်ရှိလာပြီး ဆရာတော် ဦးဉာဏိသရနှင့် ဦးစောအယ်ဒို တို့ ၂ ဦးအား ဆင်ကူးကျေးရွာ ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-ဧပြီလ ၈ ရက် ၁၂၀၀ နာရီတွင် တောင်သာမြို့နယ်၊ တံတား(န)ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့ ကျား ၅ ဦးသည်  ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်း နေထိုင်သော ဦးအောင်ရင်(၇၅)နှစ်၊ ဒေါ်ဌေး(၆၁)နှစ်၊ ဦးအောင်ကို(၄၂)နှစ်တို့အား ဒလန်ဟုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ထွက်ပြေးသွားကြောင်းနှင့်   အကြမ်းဖက်သူများ၏ သတ်ဖြတ်မှုကြောင့် ဦးအောင်ရင်တွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဒေါ်ဌေးတွင် ဝမ်းဗိုက်၊ ရင်ညွန့်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးအောင်ကိုတွင် ဦးခေါင်း၊ ကျည်ဖောက်ဝင် ဒဏ်ရာ တို့ဖြင့် သေဆုံးခဲ့။