ရွှေဘိုမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးတချို့ ပြိုကျပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ မင်းညိုစံလမ်းတွင် ယနေ့ နံနက် (၁ ၃၀) အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးပြိုကျမှုများ၊ သစ်ပင်လဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် ဘိုကုန်းရပ်ကွက်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပြီး ရွှေဘိုခရိုင်မီးသတ်စခန်းနှင့် ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။