ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျိုရှူအာဗန်

မြန်မာလူမျိုး ချင်းတိုင်းရင်းသား UFC ဖိုက်တာဂျိုရှူအာဗန် ၎င်း၏ UFC ဖိုက်တာဘ၀ တတိယမြောက်ပွဲစဉ်အဖြစ် UFC Fight Night ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်နှင့် ထိုးသတ်သွားရမည် ဖြစ်ကြောင်း သိရပါတယ်။

ဂျိုရှူအာဗန်သည် ဖိုက်တာဘဝကို Fury အဖွဲ့အစည်းနှင့် စတင်ခဲ့သူဖြစ်ပြီး Furyအဖွဲ့အစည်းက ကြီးမှူးကျင်းပခဲ့သည့် Fury Fight ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်း ဖိုက်တာအဖွဲ့အစည်းဖြစ်သည့် UFC က ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် တတိယမြောက် ပွဲစဉ်အဖြစ် ထိုးသတ်ရမည်ဖြစ်ပါတယ်။

ဂျိုရှူအာဗန်နှင့်ထိုးသတ်မည့် ဘရာဇီးဖိုက်တာ ဖီလစ်ပီဘူနက်စ်သည် ဖိုက်တာကစားသမားဘ၀ ၁၉ ပွဲ ထိုးသတ်ခဲ့ဖူးပြီး ၁၃ ပွဲအနိုင်ရရှိခဲ့ကာ ခြောက်ပွဲရှုံးနိမ့်ထားပြီး အနိုင်ရရှိခဲ့သည့် ၁၃ ပွဲတွင်လည်း ရှစ်ပွဲကို ချုပ်ကွက်ဖြင့် အနိုင်ရရှိထားခြင်းဖြစ်ပါတယ်။

ဂျိုရှူအာဗန်နှင့် ဖီလစ်ပီဘူနက်စ်တို့ တွဲဆိုင်းပါဝင်မည့် UFC Fight Night ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၃ ရက်တွင် အင်္ဂလန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

#PAN