နေအိမ်ပေါ်သို့ အုတ်တံတိုင်းပြိုကျမှု‌ကြောင့် အမျိုးသမီး (၁) ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်တင်ဘာ (၂) ရက်ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေအိကျကာ နေအိမ်ပေါ်သို့ အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ ည (၁၀) နာရီခွဲခန့်က တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရတနာသီရိရပ်ကွက်ရှိ အုတ်ဖိုဘုန်းတော်ကြီးကျောင်း၏ အုတ်တံတိုင်းမှာ နေအိမ်တစ်လုံးပေါ်သို့ ပြိုကျသွားခဲ့ကြောင်း သိရသည်။