အသိပေး နှိုးဆော်ပန်ကြားခြင်း

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော် အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင်ဆောင်မည်ဖြစ်ပြီး ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို ပင့်ဆောင်တော်မူမည်ဖြစ်ကြောင်းနှင့် ယင်းနေ့တွင် ဗန်းမော်ကျောင်းတိုက် ကမ္ဘောဇသာသနာ့ဗိမာန်၌ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို မွန်းလွဲ (၂) နာရီတွင်စတင်ကျင်းပမည်ဖြစ်ကာ နေ့လည် (၃)နာရီခန့်တွင် ချမ်းမြသာစည်လေယာဉ်ကွင်းသို့ ပင့်ဆောင်ပူဇော်မည်ကြောင်း သိရပါတယ်။