မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

အမြင်ကျဥ်းသူနဲ့ တွေ့ရလည်း
သဘောထားကြီးစွာ ဆက်ဆံပါ ။

အလိုမကျတဲ့သူနဲ့ တွေ့ရလည်း
အပြုံးမပျက် နှုတ်ဆက်လိုက်ပါ ။

ကိုယ်ကသာ နားလည်ပေးရပေမယ့်
ကိုယ့်ကိုကြ နားလည်မပေးတာဟာ
လူတို့ရဲ့ ဖြစ်ကြောတစ်ခုပါပဲ ။

အကြောင်းရှိလာလို့ အကျိုးဖြစ်တာကို
ဘယ်သူမှလည်း အပြစ်မတင်ပါနဲ့ ။

ကံကြုံနေခိုက်လေး တွေ့ကြရသလို
ကံကုန်တော့လည်း ထွက်သွားကြမှာပါ ။

ကိုယ့်ရဲ့ဘ၀ကို
အမုန်းတွေနဲ့ ထားသွားကြလည်း
မေတ္တာမပျက်ပဲ ရှေ့ဆက်ရမယ် ။

ချစ်နေလျက်နဲ့ ပစ်ထားခဲ့လည်း
အကြောင်းကုန်လို့ပဲဆိုပြီးဖြေရမယ် ။

ဘယ်အရာကိုမှ မှီတွယ်မထားနဲ့
အနားမှာဘယ်အရာမှမရှိလည်း
ကိုယ့်တရားနဲ့ကိုယ်နေတတ်ဖို့လို
ပါတယ် ။

🙏 🙏🙏 သာရဂ ဝေ သီ🙏🙏🙏